Facebook – ကျနော်တို့ဘက်ကျတော့ စစ်ကားဆိုတာ အခုမှ မြင်ဖူးတဲ့ အနေအထားမျိုး ရှိတယ်။ ညကိုလည်း စစ်ကား တွေက ပတ်တယ်၊ မြို့ထဲကိုပတ်တဲ့ အနေအထားပေါ့။ ဒီမနက်ကျ အကုန်လုံးနီးပါး ပြောင်းကုန်တဲ့ အနေအထားပေါ့
ကောက်စာ – ဧပြီလ ၅ ရက်က ပင်လယ်ဘူးမြို့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ရဲအင်အား အလုံးအရင်းဖြင့် မြို့တွင်းလှည့် လည်သွားလာနေမှုကြောင့် ဒေသခံများက အခြားနယ်မြို့ အသီးသီးသို့ ပြောင်းရွှေ့သွားကြခြင်း ဖြစ်သည်။
Categories – crime
Keywords – ပင်လယ်ဘူးမြို့, စစ်တပ်, ပစ်ခတ်မှု, နေရပ်စွန့်ခွာ,
Topic – ပင်လယ်ဘူးမြို့, စစ်တပ်, ပစ်ခတ်မှု, နေရပ်စွန့်ခွာ,
Location – Sagaing
ပုံစာ – စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့နယ်
သတင်း
ပင်လယ်ဘူးမြို့ ဒေသခံများ မြို့လုံးကျွတ်နီးပါး နေရပ်စွန့်ခွာ တိမ်းရှောင်
ဧရာဝတီ၊ ဧပြီ ၇ ၊ ၂၀၂၁
စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့နယ်တွင် စစ်ကောင်စီက အကြမ်းဖက် ပစ်ခတ်မှုများ ပြုလုပ်ပြီးနောက် ဒေသခံများ မြို့လုံး ကျွတ်နီးပါး နေရပ်စွန့်ခွာတိမ်းရှောင်မှုများ ရှိနေကြောင်း သိရသည်။
ဧပြီလ ၅ ရက်က ပင်လယ်ဘူးမြို့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ရဲအင်အား အလုံးအရင်းဖြင့် မြို့တွင်းလှည့် လည်သွားလာနေမှုကြောင့် ဒေသခံများက အခြားနယ်မြို့ အသီးသီးသို့ ပြောင်းရွှေ့သွားကြခြင်း ဖြစ်သည်။
ဒေသခံ ၁ ဦးက “မြို့သူမြို့သား အကုန်လုံး နယ်ဘက်ပြန်ပြီးတော့ တိမ်းရှောင်နေရတဲ့ သဘောမျိုး အကုန်လုံး ပြေးကုန်ကြ ပြီ။ မရှိသလောက် တမြို့လုံးနီးပါးပဲ။ လုံးဝ နယ်ဘက်သွားလို့ မရတဲ့ အနေအထားမျိုး အသိမိတ်ဆွေမရှိတဲ့ အနေအထား မျိုးလောက်ပဲ ကျန်တော့မယ်” ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက “ကျနော်တို့ဘက်ကျတော့ စစ်ကားဆိုတာ အခုမှ မြင်ဖူးတဲ့ အနေအထားမျိုး ရှိတယ်။ ညကိုလည်း စစ်ကားတွေက ပတ်တယ်၊ မြို့ထဲကို ပတ်တဲ့ အနေအထားပေါ့။ ဒီမနက်ကျ အကုန်လုံးနီးပါး ပြောင်းကုန်တဲ့ အနေအထား ပေါ့” ဟု ဆိုသည်။
ဧပြီလ ၅ ရက် မနက်ပိုင်းတွင် စစ်ကောင်စီ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက သပိတ်ကို အကြမ်းဖက်ဖြိုခွင်း ပစ်ခတ်မှု ကြောင့် လည်ပင်းထိမှန် ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့ကာ၂ ဦး ဖမ်းဆီးခံခဲ့ရသည်။
ထို့ပြင် ည ၉ နာရီဝန်းကျင်တွင် ဖမ်းဆီးခံရသူများကို ပြန်လည် လွှတ်ပေးရန် ပင်လယ်ဘူးမြို့နယ် ရဲစခန်းကို သွားရောက်ပြီး တောင်းဆိုစဉ်၂ ဦး ထပ်မံ သေဆုံးခဲ့သည်။
အဆိုပါ ဖြစ်စဉ်ပြီးနောက် ဧပြီ ၆ ရက်နှင့် ၇ ရက်တွင် တပ်ကူများ ထပ်မံရောက်ရှိလာပြီး ဒေသခံများကလည်း နေရပ်မှ တိမ်းရှောင်နေကြခြင်း ဖြစ်သည်။
အလားတူ အဖြစ်အပျက်မျိုး ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာပြီး နောက်ရက်တွင် နေထိုင်သူများ သိန်းနှင့် ချီကာ ရှောင်ပြေးကြသလို၊ ကလေး ဂန်ဂေါဘက်တွင်လည်း စစ်တပ်များ ဝင်ရောက်လာသဖြင့် ကျေးရွာနေပြည်သူများ သောင်းနှင့်ချီကာ ရှောင်ပြေးရသည်။
စစ်တပ်၏ စည်းကမ်းမဲ့ ပစ်ခတ်မှု၊ လုယက်မှုများ၊ ရိုက်နှက်သတ်ဖြတ်၊ ဖမ်ဆီးသည့် မြို့နယ်အသီးသီးမှ အဖြစ်အပျက် များမှာ လူမှုကွန်ရက်တွင် ပျံနှံနေပြီး၊ ဆန္ဒပြသူ မပြသူ မခွဲခြားခြင်း၊ ကလေး၊ မိန်းမ မခွဲဘဲ မြင်မြင်သမျှ ပစ်သတ်နေမ ကြောင့် ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်သည်။
စစ်ကောင်စီ အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်မှ ဧပြီ ၆ ရက်အထိ သေဆုံးသူ ၅၈၁ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ချက်အရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
https://burma.irrawaddy.com/news/2021/04/07/240471.html
https://burma.irrawaddy.com/opinion/viewpoint/2021/04/05/240367.html